Saturday, May 12, 2012

ခပ်ပါးပါး ဂရုဏာ


မစိုးမိုးနဲ့ ညီမလေး..
ရင်ခုန်ရုံကလွဲလို့ မင်းငါ့အပေါ်လုပ်နိုင်တာ ဘာမှမရှိဘူး..
မယုံမရှိနဲ့ ...
မာန်တက်လို့လျှံထွက်လာတဲ့
မင်းမျက်လုံးထဲကအရောင်တွေ ပြန်ရုပ်သိမ်းလိုက်
ငါမင်းထက်မာနပိုကြီးတယ်
မပြောမရှိနဲ့ ...
အကောင်းစားဇာတ်ကားတွေကို
အပေါစားအခွေတွေနဲ့ကြည့်ရတာ လိပ်ပြာသန့်ရင်
ငါ့နားနဲနဲတိုးကြည့်လေ
ကြောက်တက်ရင်ခေါင်းအုံးကိုဖက်ထား
သတိမပေးမရှိနဲ့ …
သတ်ချင်ရင်ဓါးကိုင်
အသတ်မခံချင်ရင် လက်ခုပ်တီးအားပေးလိုက်…
တိမ်ဆိုးတိမ်မိုက်တွေရှိနေသရွေ့
နေဆိုတာ အချိန်မရွေးဝင်သွားနိုင်တယ်
အသွားအလာဆင်ခြင်ပါ မတားမရှိနဲ့ …
လှပခြင်းဆိုတာ
မင်းကိုင်တွယ်တက်တဲ့ ဓါးတစ်စင်းဖြစ်နေလည်း
သတ္တဝါတိုင်းကတော့
ညီမလေးရဲ့ ဓါးတစ်ချက်လောက်နဲ့ မသေသွားနိုင်ဘူးလေ
မလိုအပ်ရင် ဓါးအိမ်ထဲမှာသာထားပါ…
မဟုတ်လဲ ဖြစ်တယ်..
မလုပ်လဲ ဖြစ်တယ်..
ဆိုပေမယ့်
ညီမလေးရဲ့အပြုံးတွေကို
ရက်ရှည်လများ မြင်ချင်ယုံသက်သက်နဲ့
ဒီအစကို ဆွဲထုတ်ခဲ့တာမဟုတ်ဘူးဆိုတာတော့ …… ယုံ။

No comments:

Post a Comment